Field Operations Associate

Proximity Designs

Proximity Designs

Operations
Posted on Mar 4, 2026

Field Operations Associate တစ်ဦးအနေဖြင့် သက်ဆိုင်ရာမြို့နယ်ရုံးခွဲ၏ ငွေစာရင်းများကို ထိန်းသိမ်းခြင်း၊ ကွင်းဆင်းဝန်ထမ်းများ၏ ခရီးစဉ်များအတွက် အသုံးစရိတ်များကို နေ့စဉ်စစ်ဆေးအတည်ပြုပေးခြင်း၊ Inventory မျာကို ထိန်းသိမ်း၊မှာယူ၊စာရင်းသွင်းသွင်းခြင်းများကို ပြုလုပ်ရပါမည်။ ထို့အပြင် Digital tools များကို အသုံးပြုပြီး စာရင်းသွင်းခြင်း၊ အရောင်းဝင်ငွေဆိုင်ရာ ကိစ္စရပ်များနှင့် လစဉ်ဘက်ဂျက်စာရင်းများကို ရေးဆွဲခြင်းတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးရပါမည်။

လုပ်ငန်းတာဝန်များ

  • မြို့နယ်ရုံးခွဲများတွင် ရောင်းချနေသည့် ထုတ်ကုန်များနှင့် ရုံးပစ္စည်းများကို ထိန်းသိမ်းပြီး၊ ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက်နှင့် အရည်အသွေးကောင်းမွန်မှု ရှိ/မရှိ သက်ဆိုင်ရာ ဌာနများပူးပေါင်းပြီး လစဉ်စစ်ဆေးခြင်း။
  • ရောင်းချနေသည့် ထုတ်ကုန်များ ပြတ်လပ်မှု မရှိစေရန် အပတ်စဉ် စစ်ဆေးပြီး အချိန်မီ ကုန်ပစ္စည်းမှာယူမှုများကို Supply Chain Team နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း။
  • ထုတ်ကုန်များအား အရောင်းဝန်ထမ်းများထံသို့ အမှားအယွင်းမရှိ စီစစ်ထုတ်ပေးခြင်း၊ စစ်ဆေးလက်ခံခြင်းများ ပြုလုပ်ပြီး သက်ဆိုင်ရာ Zoho app & bin card တွင် မှန်ကန်စွာ စာရင်းဖြည့်သွင်းခြင်း။
  • ကွင်းဆင်းဝန်ထမ်းများထံမှ ရရှိလာသော ဒေတာများကို ကွန်ပျုတာဖြင့် စာရင်းသွင်း စစ်ဆေးခြင်း။
  • ငွေစာရင်းများကိုထိန်းသိမ်းပြီး ကွင်းဆင်းဝန်ထမ်းများ၏ ခရီးစဉ်အသုံးစရိတ်များကို နေ့စဉ်စစ်ဆေးအတည်ပြုခြင်း။
  • အရောင်းဝင်ငွေများနှင့် လစဉ်ဘက်ဂျက်စာရင်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းရေးဆွဲခြင်း။
  • သက်ဆိုင်ရာရုံးခွဲရှိ ညစောင့်ကို စီမံခန့်ခွဲခြင်း။
  • အဖွဲ့အစည်းမှ ချမှတ်ထားသည့် Inventory Management SOP ကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်း။
  • လုပ်ငန်းလိုအပ်ချက်အရ သက်ဆိုင်ရာမြို့နယ်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

လိုအပ်သော အရည်အချင်းများ

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ။
  • လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိသူ။
  • ငွေစာရင်းပိုင်းဆိုင်ရာအတွေ့အကြုံရှိသူ။
  • အဖွဲ့အစည်းစိတ်ဓာတ်ရှိပြီး မိမိကိုယ်တိုင် ဦးဆောင်နိုင်သူ။
  • စဉ်ဆက်မပြတ် သင်ယူလေ့လာလိုစိတ်ရှိသူ။
  • Microsoft Office (Word, Excel, Powerpoint) ကို ကျွမ်းကျင်စွာ သုံးစွဲနိုင်သူ။
  • အင်္ဂလိပ်စာ အသင့်အတင့် ကောင်းမွန်သူ။
  • Inventory Management နှင့် Supporting လုပ်ငန်းများကို စိတ်ပါဝင်စားသူ။

သင်ရရှိနိင်မည့်
အခွင့်အလမ်းများ

သင့်အနေဖြင့်
မြင့်မားသောလစာ
ခံစားခွင့်ရရှိရုံသာမက
ကျန်းမာရေးဆိုင်ရာခံစားခွင့်များနှင့်
သင့်လုပ်ငန်းစွမ်းရည်
တိုးတက်စေနိုင်မည့်
အခြားအခွင့်အလမ်းများလည်း
ရရှိမည်ဖြစ်သည်။
ထို့အပြင်
ရှေ့သို့ဦးတည်စဉ်းစား
တွေးခေါ်သူများနှင့်
ကောင်းမွန်သော
လုပ်ငန်းခွင်မှာ
အလုပ်လုပ်ရမည်ဖြစ်ပြီး Proximity School မှတစ်ဆင့်
ကမ္ဘာ့အဆင့်မီ
ပညာရပ်များကို
လေ့လာသင်ကြားခွင့်လည်း
ရရှိပါမည်။ သင့်အနေဖြင့်
သင့်တာဝန်ဝတ္တရားများကို
လုပ်ဆောင်လျက်ပင်
မြန်မာနိုင်ငံရှိ
အခြေခံလူတန်းစားများအတွက် ပိုမိုကောင်းမွန်သည့်
လူမှုဘဝပုံစံကို
ပြောင်းလဲပေးသူတစ်ဦးဖြစ်နိုင်သည့်
အခွင့်အလမ်းလည်း
ရရှိမည်
ဖြစ်ပါသည်။

Proximity Designs အကြောင်း

Proximity Designs သည်
ကမ္ဘာလုံးဆိုင်ရာအရေးကြီးသောပြဿနာများဖြစ်သည့်
ရာသီဥတု
ပြောင်းလဲမှု၊
ဆင်းရဲမွဲတေမှု၊
စားနပ်ရိက္ခာမလုံလောက်မှုနှင့်
တန်းတူညီမျှ
မရှိမှုများကို
ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။
ကျေးလက်နေပြည်သူ
ထောင်ပေါင်းများစွာတို့အား
၎င်းတို့၏
မြေဆီလွှာကို
ပြုစုစောင့်ရှောက်
ထိန်းသိမ်းကြရန်၊
အစားအစာ
ပိုမိုစိုက်ပျိုးရန်၊
ဝင်ငွေ
ပိုကောင်းလာစေရန်နှင့်
ရာသီဥတုပြောင်းလဲမှုဒဏ်ကို
ခံနိုင်ရည်ရှိစေဖို့
လိုက်လျောညီထွေနေထိုင်
တည်ဆောက်တက်ရန်
ကူညီခြင်းဖြင့်
၎င်းပဋိပက္ခများကို
ကိုင်တွယ်ဖြေရှင်းရန်
ကျွန်ုပ်တို့က
လုပ်ဆောင်ပါသည်။
ကျွန်ုပ်တို့သည်
လယ်သမားမိသားစုများကို
ပိုမိုအကျိုးဖြစ်ထွန်းစေ၍
အမြတ်အစွန်း
ပိုရလာစေပြီး သဘာဝပတ်ဝန်းကျင်ကို
ရေရှည်တည်တံ့စေမည့်
လိုအပ်သော
ထုတ်ကုန်များနှင့်
ဝန်ဆောင်မှုများကို
ဒီဇိုင်းဆွဲကာ
လုပ်ဆောင်ပါသည်။
ကျွန်ုပ်တို့၏
ဝင်ငွေနည်းသော
တောင်သူလယ်သမား
သုံးစွဲသူများအား
အသေးစား
ရေသွင်း
စိုက်ပျိုးရေး
နည်းစနစ်များ၊
ဇီဝမြေသြဇာများနှင့်
ဇီဝပိုးသတ်ဆေးများ၊
မြေဆီလွှာကျန်းမာရေး
စစ်ဆေးခြင်း
ကိရိယာများ၊
ကွင်းဆင်းဆောင်ရွက်ပေးသော
သီးနှံကာကွယ်ရေးဝန်ဆောင်မှုများနှင့်
လယ်ယာချေးငွေများကဲ့သို့သော
ငွေကြေးအကုန်အကျနည်းစေရန်
တီထွင်ဆန်းသစ်ထားသည့်
နည်းလမ်းကောင်းများကို
လက်ဆင့်ကမ်း
ပေးလျက်ရှိပါသည်။
လွန်ခဲ့သည့် (၂၀) နှစ်အတွင်း
မြန်မာနိုင်ငံတစ်ဝှမ်းရှိ
ဆင်းရဲနွမ်းပါးသော
စိုက်ပျိုးရေးလုပ်ကိုင်သည့် အိမ်ထောင်စုပေါင်း (.) သန်းအတွက်
အပိုဝင်ငွေ
အမေရိကန်ဒေါ်လာ (၇၈၂) သန်းကို
ရှာပေးနိုင်ခဲ့
ပါသည်။
ဤသို့ဝင်ငွေတိုးလာခြင်းဖြင့်
လယ်သမားများသည်

၎င်းတို့၏
ကလေးများအတွက်
ပညာရေး၊
အာဟာရပြည့်ဝသော
အစားအစာ၊
ပိုမိုကောင်းမွန်သော
ကျန်းမာရေးစောင့်ရှောက်မှုနှင့်
၎င်းတို့၏
လယ်ယာ (သို့မဟုတ်) အခြားကျေးရွာစီးပွားရေးလုပ်ငန်းများတွင်
ရင်းနှီးမြုပ်နှံ
နိုင်ပါသည်။

လျှောက်ထားရန်-

မိမိတို့၏
ကိုယ်ရေးအချက်အလက်များကို Apply တွင်နှိပ်၍
ပေးပို့လျှောက်ထားနိုင်ပါတယ်။

Proximity သည်
လုပ်ငန်းခွင်အမြတ်ထုတ်ခြင်းနှင့်
အလွဲသုံးစားပြုခြင်းမှ
အကာအကွယ်ပေးခြင်း၊
ကလေးငယ်များအား
အကာအကွယ်ပေးခြင်း၊
နှောင့်ယှက်ခြင်းကင်းသော
လုပ်ငန်းခွင်၊
ဘဏ္ဍာရေးဆိုင်ရာ
သမာသမတ်ရှိမှုနှင့်
အခြားများစွာသော
အခြားအကျိုးခံစားခွင့်ဆိုင်ရာ
မူဝါဒများကို
ချမှတ်
ကျင့်သုံးသော
အဖွဲ့အစည်းဖြစ်ပါသည်။

Proximity သည်
လျှောက်ထားသူအားလုံး၏
လူမျိုး၊
လိင်၊
အရောင်အသွေး၊
နိုင်ငံသားဇစ်မြစ်၊
လိင်စိတ်ခံယူမှု၊
အသက်၊
အိမ်ထောင်ရေး
အခြေအနေ၊
မသန်စွမ်းမှုတို့နှင့်
မသက်ဆိုင်ဘဲ
လျှောက်ထားသူအားလုံးကို
တန်းတူညီမျှ
ထည့်သွင်းစဉ်းစားမည်ဖြစ်သောကြောင့်
စိတ်ပါဝင်စားသူများ
လျှောက်ထားရန်
တိုက်တွန်းအပ်ပါသည်။

Proximity အနေဖြင့်
ပဏာမရွေးချယ်ခံရသူများကိုသာ
ဆက်သွယ်အကြောင်းကြားမည်ဖြစ်ကြောင်း
အသိပေးလိုပါသည်။