နယ်ရုံးခွဲများရှိ Field Operations Associate များနှင့် ချိတ်ဆက်လုပ်ဆောင်ခြင်း၊ ရုံးခွဲများ၏ Inventory ပိုင်းဆိုင်ရာများကို စစ်ဆေး အတည်ပြုခြင်းနှင့် ရုံးခွဲများအတွက် လိုအပ်သော ပံ့ပိုးမှုများပေးနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ရန် အတွက် ရန်ကုန်ရုံးတွင် Assistant Sales Support ရာထူး (၁) နေရာအား ခေါ်ယူလျက်ရှိပါသည်။
လုပ်ငန်းတာဝန်များ
- နယ်ရုံးခွဲများမှ Field Operations Associate များနှင့် နေ့စဉ် လုပ်ငန်းစဉ်များ အတူတကွ ချိတ်ဆက်လုပ်ဆောင်ခြင်း။
- Direct Sales Team ၏ လုပ်ငန်းလိုအပ်ချက်အရ ပေါ်ပေါက်လာသော Meeting/ Workshop များနှင့် သင်တန်းများအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ခြင်း။
- နယ်ရုံးခွဲများတွင် လစဉ် လုပ်ဆောင်ရသည့် Write Off Process , Quality Issue နှင့် Supporting Service Collateral များအား အချိန်မီလုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာTeam များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း။
- နယ်ရုံးခွဲများတွင် Inventory များပြတ်လပ်မှု မရှိစေရန် သက်ဆိုင်ရာ Team များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း။
- Zoho ရှိ Irrigation Sales Order များအား SAP စာရင်းသွင်းခြင်းနှင့် Inventory လက်ကျန်စာရင်းများ စစ်ဆေးခြင်း။
- Field Operations Associate ရာထူးနေရာများ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သည့်အခါ သက်ဆိုင်ရာရုံးခွဲသို့ သွားရောက်တာဝန်ယူလုပ်ဆောင်ခြင်း။
- Direct Sales Team မှ ဆောင်ရွက်သော Project များတွင် လုပ်ငန်းလိုအပ်ချက်အရ လိုအပ်ပါက နယ်ရုံးခွဲများသို့ သွားရောက်တာဝန်ထမ်းဆောင်ခြင်း။
- Zoho Inventory Analyst ကို အသုံးပြုပြီး Customer များရှိနိုင်ရန် လိုအပ်သည့် ပံ့ပိုးမှုများ လုပ်ဆောင်ခြင်း။
လိုအပ်သော အရည်အချင်းများ
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ။
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိသူ။
- ငွေစာရင်းပိုင်းနှင့် Inventory ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူ။
- ပေါင်းသင်းဆက်ဆံရေးအားကောင်းပြီး အဖွဲ့အစည်းစိတ်ဓာတ်ရှိသူ။
- မိမိကိုယ် မိမိ ဦးဆောင်နိုင်ပြီး စဉ်ဆက်မပြတ် သင်ယူလေ့လာလိုစိတ်ရှိသူ။
- နယ်ရုံးခွဲများသို့ ခရီးသွားလာနိုင်သူ။
- Microsoft Office (Word, Excel, PowerPoint) အား ကျွမ်းကျင်စွာအသုံးပြုနိုင်သူ။
- အင်္ဂလိပ်စာ အသင့်အတင့် ကောင်းမွန်သူ။
သင်ရရှိနိင်မည့် အခွင့်အလမ်းများ
သင့်အနေဖြင့် မြင့်မားသောလစာ ခံစားခွင့်ရရှိရုံသာမက ကျန်းမာရေးဆိုင်ရာခံစားခွင့်များနှင့် သင့်လုပ်ငန်းစွမ်းရည် တိုးတက်စေနိုင်မည့် အခြားအခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ ထို့အပြင် ရှေ့သို့ဦးတည်စဉ်းစား တွေးခေါ်သူများနှင့် ကောင်းမွန်သော လုပ်ငန်းခွင်မှာ အလုပ်လုပ်ရမည်ဖြစ်ပြီး Proximity School မှတစ်ဆင့် ကမ္ဘာ့အဆင့်မီ ပညာရပ်များကို လေ့လာသင်ကြားခွင့်လည်း ရရှိပါမည်။ သင့်အနေဖြင့် သင့်တာဝန်ဝတ္တရားများကို လုပ်ဆောင်လျက်ပင် မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများအတွက် ပိုမိုကောင်းမွန်သည့် လူမှုဘဝပုံစံကို ပြောင်းလဲပေးသူတစ်ဦးဖြစ်နိုင်သည့် အခွင့်အလမ်းလည်း ရရှိမည် ဖြစ်ပါသည်။
Proximity Designs အကြောင်း
Proximity Designs သည် ကမ္ဘာလုံးဆိုင်ရာအရေးကြီးသောပြဿနာများဖြစ်သည့် ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ တန်းတူညီမျှ မရှိမှု နှင့် နိုင်ငံရေးပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ ကျေးလက်နေပြည်သူ ထောင်ပေါင်းများစွာတို့အား ၎င်းတို့၏ မြေဆီလွှာကို ပြုစုစောင့်ရှောက် ထိန်းသိမ်းကြရန်၊ အစားအစာ ပိုမိုစိုက်ပျိုးရန်၊ ဝင်ငွေ ပိုကောင်းလာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ လိုက်လျောညီထွေနေထိုင် တည်ဆောက်တက်ရန် ကူညီခြင်းဖြင့် ၎င်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့က လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် လယ်သမားမိသားစုများကို ပိုမိုအကျိုးဖြစ်ထွန်းစေ၍ အမြတ်အစွန်း ပိုရလာစေပြီး သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေမည့် လိုအပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဒီဇိုင်းဆွဲကာ လုပ်ဆောင်ပါသည်။
ကျွန်ုပ်တို့၏ ဝင်ငွေနည်းသော တောင်သူလယ်သမား သုံးစွဲသူများအား အသေးစား ရေသွင်း စိုက်ပျိုးရေး နည်းစနစ်များ၊ ဇီဝမြေသြဇာများနှင့် ဇီဝပိုးသတ်ဆေးများ၊ မြေဆီလွှာကျန်းမာရေး စစ်ဆေးခြင်း ကိရိယာများ၊ ကွင်းဆင်းဆောင်ရွက်ပေးသော သီးနှံကာကွယ်ရေးဝန်ဆောင်မှုများနှင့် လယ်ယာချေးငွေများကဲ့သို့သော ငွေကြေးအကုန်အကျနည်းစေရန် တီထွင်ဆန်းသစ်ထားသည့် နည်းလမ်းကောင်းများကို လက်ဆင့်ကမ်း ပေးလျက်ရှိပါသည်။
လွန်ခဲ့သည့် (၂၀) နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါးသော စိုက်ပျိုးရေးလုပ်ကိုင်သည့် အိမ်ထောင်စုပေါင်း (၁.၂) သန်းအတွက် အပိုဝင်ငွေ အမေရိကန်ဒေါ်လာ (၇၈၂) သန်းကို ရှာပေးနိုင်ခဲ့ ပါသည်။ ဤသို့ဝင်ငွေတိုးလာခြင်းဖြင့် လယ်သမားများသည်
၎င်းတို့၏ ကလေးများအတွက် ပညာရေး၊ အာဟာရပြည့်ဝသော အစားအစာ၊ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၎င်းတို့၏ လယ်ယာ (သို့မဟုတ်) အခြားကျေးရွာစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ နိုင်ပါသည်။
လျှောက်ထားရန်-
မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို Apply တွင်နှိပ်၍ ပေးပို့လျှောက်ထားနိုင်ပါတယ်။
Proximity သည် လုပ်ငန်းခွင်အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ အကာအကွယ်ပေးခြင်း၊ ကလေးငယ်များအား အကာအကွယ်ပေးခြင်း၊ နှောင့်ယှက်ခြင်းကင်းသော လုပ်ငန်းခွင်၊ ဘဏ္ဍာရေးဆိုင်ရာ သမာသမတ်ရှိမှုနှင့် အခြားများစွာသော အခြားအကျိုးခံစားခွင့်ဆိုင်ရာ မူဝါဒများကို ချမှတ် ကျင့်သုံးသော အဖွဲ့အစည်းဖြစ်ပါသည်။
Proximity သည် လျှောက်ထားသူအားလုံး၏ လူမျိုး၊ လိင်၊ အရောင်အသွေး၊ နိုင်ငံသားဇစ်မြစ်၊ လိင်စိတ်ခံယူမှု၊ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ မသန်စွမ်းမှုတို့နှင့် မသက်ဆိုင်ဘဲ လျှောက်ထားသူအားလုံးကို တန်းတူညီမျှ ထည့်သွင်းစဉ်းစားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။
Proximity အနေဖြင့် ပဏာမရွေးချယ်ခံရသူများကိုသာ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။