Dealer Account Manager

Proximity Designs
Proximity Designs

Sales & Business Development

Yangon, Myanmar (Burma)

Posted 6+ months ago

Dealer Account Manager တစ်ယောက်အနေဖြင့် သင်သည် Dealer Sales Team တွင် လုပ်ဆောင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ Agro Ecological zones ဇုန်များတွင် ရောင်းအားတိုးတက်စေရန် အဖွဲ့အစည်းမှ ချမှတ်ထားသော စံချိန်စံနှုန်းများကိုက်ညီပြီး အလားအလာရှိသော အရောင်းဆိုင်များကို ရှာဖွေ၍ ကောင်းမွန်သောဆက်ဆံရေးကို ရေရှည်တည်ဆောက်ရမည် ဖြစ်သည်။ ထို့အပြင် ၎င်းဆိုင်များ ရောင်းအား ပိုမိုတိုးတက်‌ကောင်းမွန်စေရန် ဈေးကွက်ရှာဖွေရေးနှင့် အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုများ၊ အရောင်းဝန်ဆောင်မှုများ၊ နည်းပညာပေးဆိုင်ရာ ဗျူဟာများနှင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် Customer များ စိတ်ကျေနပ်မှုရှိစေရန် ပံ့ပိုးပေးရမည်။

လုပ်ငန်းတာဝန်များ

  • အရောင်းပိုင်ဆိုင်ရာ နည်းဗျူဟာများကို နာလည်ပြီး ခိုင်မာကျစ်လစ်သော ဆက်ဆံရေးကို Customer များနှင့် ရေရှည်တည်ဆောက်ရန်။
  • အရောင်းဆိုင်တစ်ခုစီအတွက် အရောင်းရည်မှန်းချက်များ၊ ပန်းတိုင်များ ချမှတ်ပေးပြီး ၎င်းတို့၏ ရလာဒ်များ ပိုမိုတိုးတက်စေရန်အတွက် စီမံဖန်တီးပေးရန်။
  • အရောင်းဆိုင်များ၏ သဘောသဘာဝကို နားလည်ပြီး Complaints များနှင့် ပြဿနာများအား အချိန်နှင့်တပြေးညီ ဖြေရှင်းရန်။
  • Monthly/Quarterly Report များနှင့် ထိရောက်သော Insight များ မျှဝေကာ အရောင်းဆိုင်များအတွက် အကောင်းမွန်ဆုံး ဝန်ဆောင်မှုနည်းလမ်းများ အကောင်ထည်ဖော်ဆောင်ရွက်ရန်။
  • အမှတ်တံဆိပ်တည်ဆောက်ခြင်း၊ Promotional Campaign များပြုလုပ်ခြင်းနှင့် ထုတ်ကုန်သရုပ်ပြ ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို သက်ဆိုင်ရာ Team များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်။
  • Customer အသစ်များ ရှာဖွေပြီး အရောင်းဈေးကွက်ချဲ့ထွင်ကာ သတ်မှတ်ထားသော Level အဆင့်ဝင်ဆိုင်များ ဖြစ်လာစေရန် ပံ့ပိုးပေးရန်။
  • သတင်းအချက်အလက်များကို စုဆောင်းပြီး Customer များ၏ ဈေးကွက် စီးပွားရေး အခွင့်အလမ်းသစ်များကို ရှာဖွေလေ့လာရန်။
  • သတ်မှတ်ထားသော Customer အရေအတွက်နှင့် ဝင်ငွေကို အချိန်မီရရှိအောင် ဆောင်ရွက်ရန်။

လိုအပ်သော အရည်အချင်းများ

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ။
  • Sales and Customer Service လုပ်သက်အနည်းဆုံး (၂) နှစ် အတွေ့အကြုံရှိသူ။
  • Communication Skill နှင့် Negotiation Skill ကောင်းမွန်သူ။
  • Microsoft Office ကျွမ်းကျင်သူ။
  • ချမှတ်ထားသော ပန်းတိုင်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်သူ။
  • အဖွဲ့အစည်း၏ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ကျရာနေရာများသို့ ခရီးသွားလာနိုင်သူ။

အောက်ပါအရည်အချင်းနှင့်ပြည့်စုံသူအား ဦးစားပေးမည်။

  • မိမိ၏ အသင်းအဖွဲ့အား Capacity Building နှင့် Coaching လုပ်ပေးနိုင်သူ။
  • Customer Service Oriented နှင့် Complaints များအား ကိုင်တွယ်ဖြေရှင်းနိုင်သူ။
  • မတူကွဲပြားသော Customer များနှင့် လက်လီဆိုင်များအား စိတ်ရှည်သည်းခံပြီး ဆက်ဆံရေး ရေရှည်တည်ဆောက်နိုင်သူ။

သင်ရရှိနိုင်မည့် အခွင့်အလမ်းများ

သင့်အနေဖြင့် မြင့်မားသောလစာ ခံစားခွင့်ရရှိရုံသာမက ကျန်းမာရေးဆိုင်ရာခံစားခွင့်များနှင့် သင့်လုပ်ငန်းစွမ်းရည် တိုးတက်စေနိုင်မည့် အခြားအခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ ထို့အပြင် ရှေ့သို့ဦးတည်စဉ်းစား တွေးခေါ်သူများနှင့် ကောင်းမွန်သော လုပ်ငန်းခွင်မှာ အလုပ်လုပ်ရမည်ဖြစ်ပြီး Proximity School မှတစ်ဆင့် ကမ္ဘာ့အဆင့်မီ ပညာရပ်များကို လေ့လာသင်ကြားခွင့်လည်း ရရှိပါမည်။ သင့်အနေဖြင့် သင့်တာဝန်ဝတ္တရားများကို လုပ်ဆောင်လျက်ပင် မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများအတွက် ပိုမိုကောင်းမွန်သည့် လူမှုဘဝပုံစံကို ပြောင်းလဲပေးသူတစ်ဦးဖြစ်နိုင်သည့် အခွင့်အလမ်းလည်း ရရှိမည် ဖြစ်ပါသည်။

Proximity Designs အကြောင်း

Proximity Designs သည် ကမ္ဘာလုံးဆိုင်ရာအရေးကြီးသောပြဿနာများဖြစ်သည့် ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ တန်းတူညီမျှ မရှိမှု နှင့် နိုင်ငံရေးပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ ကျေးလက်နေပြည်သူ ထောင်ပေါင်းများစွာတို့အား ၎င်းတို့၏ မြေဆီလွှာကို ပြုစုစောင့်ရှောက် ထိန်းသိမ်းကြရန်၊ အစားအစာ ပိုမိုစိုက်ပျိုးရန်၊ ဝင်ငွေ ပိုကောင်းလာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ လိုက်လျောညီထွေနေထိုင် တည်ဆောက်တက်ရန် ကူညီခြင်းဖြင့် ၎င်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့က လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် လယ်သမားမိသားစုများကို ပိုမိုအကျိုးဖြစ်ထွန်းစေ၍ အမြတ်အစွန်း ပိုရလာစေပြီး သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေမည့် လိုအပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဒီဇိုင်းဆွဲကာ လုပ်ဆောင်ပါသည်။

ကျွန်ုပ်တို့၏ ဝင်ငွေနည်းသော တောင်သူလယ်သမား သုံးစွဲသူများအား အသေးစား ရေသွင်း စိုက်ပျိုးရေး နည်းစနစ်များ၊ ဇီဝမြေသြဇာများနှင့် ဇီဝပိုးသတ်ဆေးများ၊ မြေဆီလွှာကျန်းမာရေး စစ်ဆေးခြင်း ကိရိယာများ၊ ကွင်းဆင်းဆောင်ရွက်ပေးသော သီးနှံကာကွယ်ရေးဝန်ဆောင်မှုများနှင့် လယ်ယာချေးငွေများကဲ့သို့သော ငွေကြေးအကုန်အကျနည်းစေရန် တီထွင်ဆန်းသစ်ထားသည့် နည်းလမ်းကောင်းများကို လက်ဆင့်ကမ်း ပေးလျက်ရှိပါသည်။

လွန်ခဲ့သည့် (၂၀) နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါးသော စိုက်ပျိုးရေးလုပ်ကိုင်သည့် အိမ်ထောင်စုပေါင်း (၁.၂) သန်းအတွက် အပိုဝင်ငွေ အမေရိကန်ဒေါ်လာ (၇၈၂) သန်းကို ရှာပေးနိုင်ခဲ့ ပါသည်။ ဤသို့ဝင်ငွေတိုးလာခြင်းဖြင့် လယ်သမားများသည် ၎င်းတို့၏ ကလေးများအတွက် ပညာရေး၊ အာဟာရပြည့်ဝသော အစားအစာ၊ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၎င်းတို့၏ လယ်ယာ (သို့မဟုတ်) အခြားကျေးရွာစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ နိုင်ပါသည်။

လျှောက်ထားရန်-

မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို Apply တွင်နှိပ်၍ ပေးပို့လျှောက်ထားနိုင်ပါတယ်။

Proximity သည် လုပ်ငန်းခွင်အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ အကာအကွယ်ပေးခြင်း၊ ကလေးငယ်များအား အကာအကွယ်ပေးခြင်း၊ နှောင့်ယှက်ခြင်းကင်းသော လုပ်ငန်းခွင်၊ ဘဏ္ဍာရေးဆိုင်ရာ သမာသမတ်ရှိမှုနှင့် အခြားများစွာသော အခြားအကျိုးခံစားခွင့်ဆိုင်ရာ မူဝါဒများကို ချမှတ် ကျင့်သုံးသော အဖွဲ့အစည်းဖြစ်ပါသည်။

Proximity သည် လျှောက်ထားသူအားလုံး၏ လူမျိုး၊ လိင်၊ အရောင်အသွေး၊ နိုင်ငံသားဇစ်မြစ်၊ လိင်စိတ်ခံယူမှု၊ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ မသန်စွမ်းမှုတို့နှင့် မသက်ဆိုင်ဘဲ လျှောက်ထားသူအားလုံးကို တန်းတူညီမျှ ထည့်သွင်းစဉ်းစားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။

Proximity အနေဖြင့် ပဏာမရွေးချယ်ခံရသူများကိုသာ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။